ဂျပန်အစိုးရက နိုင်ငံခြားသားများအတွက် ဗီဇာသက်တမ်းတိုးခြင်း၊ နေထိုင်ခွင့်ပြောင်းခြင်းနှင့် Permanent Residency (PR) လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်ခများကို အနာဂတ်တွင် တိုးမြှင့်နိုင်ရန် ဆွေးနွေးနေကြောင်း သိရပါတယ်။
လက်ရှိတွင် ဗီဇာသက်တမ်းတိုးနှင့် status change အတွက် ယန်း ၆,၀၀၀ ဝန်းကျင်၊ PR လျှောက်ခ ယန်း ၁၀,၀၀၀ ခန့်ရှိပေမယ့် အသစ်ပြင်ဆင်မည့်စနစ်အောက်တွင် ပိုမိုမြင့်တက်လာနိုင်ကြောင်း ဂျပန်မီဒီယာများက ဖော်ပြထားပါတယ်။
ထို့အပြင် Immigration စစ်ဆေးမှုများတွင် Pension ပေးချေမှု၊ Resident Tax၊ Health Insurance နှင့် ဗီဇာမှတ်တမ်းများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးလာနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် Permanent Residency (PR) လျှောက်ထားသူများအတွက် ပင်စင် သို့မဟုတ် အခွန်ပေးချေမှု နောက်ကျမှုများရှိခဲ့ပါက လျှောက်လွှာအပေါ် သက်ရောက်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဂျပန်တွင် အလုပ်လုပ်နေသော Tokutei Ginou (SSW) အလုပ်သမားများ၊ ကျောင်းသားဗီဇာမှ အလုပ်ဗီဇာပြောင်းမည့်သူများနှင့် ရေရှည်နေထိုင်ရန် စီစဉ်နေသူများအနေဖြင့် Tax နှင့် Insurance records များကို အချိန်မီစနစ်တကျ ထိန်းသိမ်းထားရန် အရေးကြီးလာနေပါတယ်။
ဘာကြောင့် အရေးကြီးလဲ
ဂျပန်တွင် နေထိုင်နေသော မြန်မာနိုင်ငံသားများအတွက် ဗီဇာနှင့် PR သည် ရေရှည်ဘဝအတွက် အရေးကြီးသောအချက်ဖြစ်ပါတယ်။ Immigration စည်းမျဉ်းများ ပိုမိုတင်းကျပ်လာနိုင်သောကြောင့် အခွန်၊ ပင်စင်နှင့် Insurance ပေးချေမှုများကို မပျက်မကွက် စီမံထားရန် လိုအပ်လာနေပါတယ်။




