🚨 BREAKING NEWS | ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်း — အမြင့်ဆုံးအဆင့် Level 5 မြေပြိုမှုအထူးသတိပေးချက် ထုတ်ပြန်
ယနေ့ စက်တင်ဘာ ၇ ရက် မနက်အစောပိုင်းတွင် ဂျပန်နိုင်ငံ အီဇုကျွန်းစုရှိ Niijima Village (新島村) အတွက် Level 5 မြေပြိုမှုအထူးသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
⚠️ လက်ရှိအခြေအနေသည် မြေပြိုမှု ဖြစ်ပွားနေပြီးဖြစ်နိုင်သည့် အလွန်အန္တရာယ်များသောအခြေအနေ ဖြစ်သဖြင့် ချောက်ကမ်းပါး၊ တောင်စောင်းနှင့် မြေပြိုနိုင်သည့်နေရာများမှ အမြန်ဆုံးဝေးရာသို့ ရွှေ့ပြောင်းပြီး အသက်အန္တရာယ်ကင်းရေးကို ဦးစားပေးရန် သတိပေးထားသည်။
🌧️ မိုးရေချိန် စံချိန်တင်
- Niijima ကျွန်း — ၂၄ နာရီအတွင်း 400mm ကျော်
- Oshima ကျွန်း — 500mm ကျော်
- နှစ်နေရာလုံးတွင် စံချိန်တင် မိုးရေချိန်များ ဖြစ်ပေါ်နေ
🌊 Tokyo၊ Chiba အပါအဝင် Kanto ဒေသနှင့် Tokai၊ Tohoku ဒေသများတွင်လည်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မြေပြိုခြင်း၊ ရေလွှမ်းခြင်း၊ မြစ်ရေတက်ခြင်းနှင့် ရေကြီးခြင်းအန္တရာယ်များကို အထူးသတိထားရန် လိုအပ်သည်။
⚠️ ထို့အပြင် 線状降水帯 (မိုးတိမ်တန်းရှည်) ဖြစ်ပေါ်ပါက မိုးသည်းထန်မှုကြောင့် ဘေးအန္တရာယ်အဆင့်သည် အချိန်တိုအတွင်း မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
📢 ဂျပန်နိုင်ငံတွင်ရှိသူများအနေဖြင့် မိမိနေထိုင်ရာဒေသ၏ နောက်ဆုံးမိုးလေဝသသတိပေးချက်များနှင့် ဒေသအာဏာပိုင်များ၏ ရွှေ့ပြောင်းရန်ညွှန်ကြားချက်များကို အနီးကပ်စောင့်ကြည့်ပါ။
🕐 နောက်ဆုံးသတင်း — စက်တင်ဘာ ၇ ရက်၊ မနက် ၇:၃၆